Hoco Y17 Smart sports watch(call version)

နှစ်သက်မှုအဆင့်

သုံးသပ်ချက်များ

0

၁၃၅, ၀၀၀ ကျပ်

အရေအတွက်

Gentle Men ဆန်ပြီး ကျန်းမာရေး လိုက်စားသူတွေ အသုံးပြုသင့်တဲ့
Y17 Smart Sports Watch
Call Version
ပုံမှန်အားကစားပြုလုပ်နေသူတွေ အကြိုက်တွေ့စေမယ့် Y17 Smart Sports Watch လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ခေတ်မှီနည်းပညာတွေ ပါဝင်ပြီး စတိုင်ကျတဲ့ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းလေးကို ရှာဖွေနေတယ်ဆိုရင် အရမ်းမိုက်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Y17 စမတ်နာရီလေးကို ရွေးချယ်လိုက်ပါ။
ရုပ်ထွက်ကြည်လင်ပြီး 2.03 လက်မရှိတဲ့ Touch Screen ပါဝင်တာကြောင့် နာရီမျက်နှာပြင်က ဆွဲဆောင်မှုရှိနေမှာပါ။ လှုပ်ရှားသွားလာနေရင်းလဲ Notification တွေကို အလွယ်တကူ ဖတ်နိုင်မှာ ဖြစ်ပါတယ်။
Call Version နဲ့ Bluetooth စနစ်တွေပါဝင်တာကြောင့် နာရီကတစ်ဆင့် ဖုန်းလက်ခံဖြေဆိုတာတွေ လုပ်လို့ရပါတယ်။ ဖုန်းနံပါတ်ရိုက်ပြီး ဖုန်းခေါ်နိုင်သလို ဖုန်းပျောက်သွားရင်လဲ နာရီကနေ ရှာလို့ရမှာပါ။
Y17 စမတ်နာရီက သင့်ကျန်းမာရေးအတွက် အဖော်မွန်ကောင်း ဖြစ်လာစေမှာပါ။ ဒီနာရီလေးကို ပတ်ထားရင် နှလုံးခုန်နှုန်းကို တိုင်းတာနိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန်မှာလဲ လှုပ်ရှားမှုမှန်သမျှကို မှတ်သားတွက်ချက်ပေးမှာဖြစ်ပါတယ်။ အိပ်စက်ချိန်တွေကိုပါ မှတ်သားပေးပြီး အမျိုးသမီးကျန်းမာရေးအတွက်လဲ အထောက်အပံ့ပေးနိုင်ပါတယ်။
ချွေးစို၊ မိုးစိုလဲ ခံနိုင်တာကြောင့် အပြင်ထွက်ပြီး လေ့ကျင့်ခန်းပြုလုပ်တတ်တဲ့ လူကြီး၊ လူငယ်မရွေး ဆောင်ထားသင့်တဲ့ စမတ်နာရီလေးဖြစ်ပါတယ်။
ဒီနာရီလေးက စွမ်းဆောင်ရည်လဲ မြင့်ပါတယ်။ 128MB RAM ပါဝင်ပြီး Realtek 8762DT CPU ကိုအသုံးပြုထားတော့ လုပ်ဆောင်မှုမှန်သမျှက သွက်လက်အဆင်ပြေနေမှာပါ။
ဘက်ထရီကိုလဲ 300mAh ထည့်သွင်းပေးထားပါတယ်။ Bluetooth connection တစ်ခုပဲ ချိတ်ဆက်ထားမယ်ဆို Y17 နာရီက
၁၅
ရက်ကြာအောင် အသုံးခံပါတယ်။ Bluetooth connection နှစ်ခုနဲ့ ချိတ်ဆက်ထားရင်တော့

ရက်ကျော်ကြာအောင်ထိ အားခံနေမှာ ဖြစ်ပါတယ်။
မြန်မာ၊ အင်္ဂလိပ်၊ တရုတ် အပြင် တခြား ဘာသာစကား
၂၂
မျိုးအထိ အထောက်အပံ့ပေးထားတာကြောင့် ကြိုက်နှစ်သက်ရာ ဘာသာစကားနဲ့ ဒီနာရီလေးကို အသုံးပြုနိုင်မှာပါ။
Y17 က လက်မှာပတ်ထားရင် စတိုင်ကျပြီး Classic ဖြစ်တဲ့ နာရီဒီဇိုင်းလေးပါ။ ဒါကြောင့် လူကြီးလူငယ် ကျား/မ မရွေးနဲ့ လိုက်ဖက်ပြီး နေ့စဉ်ဘဝမှာ အသုံးတည့်နေမယ့် အသုံးအဆောင်လေး ဖြစ်လာမှာပါ။
ကျန်းမာရေးအတွက် အထောက်အကူပြုပြိး စတိုင်ကျတဲ့ စမတ်နာရီရှာဖွေနေရင်တော့ Hoco Y17 Smart Sports Watch
Call Version
ကို ရွေးချယ်လိုက်ပါ။

Copyright © Hoco by Phone Center. All Right Reserved.