1700206185pkNXi.jpg

Hoco BS57 Jenny dual mic wireless karaoke BT speaker

နှစ်သက်မှုအဆင့်

သုံးသပ်ချက်များ

0

၃၀၅, ၀၀၀ ကျပ်

အရေအတွက်

ရောင်စုံမီးတွေ၊ သီချင်းသံတွေကြားမှာ စုံတွဲသီဆိုနိုင်မယ့် BS57 Jenny Dual Mic Wireless Karaoke BT Speaker ကြိုးမဲ့ Mic နှစ်လုံးနဲ့ အပြီဟဲလိုက်ရအောင် အိမ်ထဲမှာ BS57 Jenny စပီကာလေးရှိထားရင် အချိန်မရွေး karaoke ထဆိုနိုင်ပါပြီ။ ရောင်စုံမီးတွေ၊ အကောင်းဆုံး သီချင်းသံတွေနဲ့ ပါတီပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲဖို့အတွက် ရွေးချယ်သင့်တဲ့ ကောင်လေးပါ။ အရွယ်အစား မကြီးဘဲ ကျစ်လစ်တဲ့ Radio Design ပုံစံလေးဆိုတော့ ဘယ်သွားသွားယူသွားလို့လဲ အဆင်ပြေမှာပါခင်ဗျာ နောက်ဆုံးပေါ် Bluetooth 5.0 နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်း၊ တက်ဘလက်၊ လက်တော့တွေနဲ့ အထစ်အငေါ့မရှိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ TF card, U disk, AUX, and TWS တို့ကိုလဲ Support ဖြစ်တာကြောင့် ကြိုက်နှစ်သက်ရာ Source ကနေ သီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ ကြိုးပါတဲ့ Mic နဲ့ အသုံးပြုနိုင်ဖို့လဲ Input ပါဝင်ပါသေးတယ်။ BS57 မှာ အထင်ကြီးရမယ့် အချက်ကတော့ ပမာဏ 4800mAh ဘက်ထရီ ပါဝင်ထားတာဖြစ်ပြီး၊ တစ်ခါအားသွင်းထားရင် (၈) နာရီကျော်ထိ non-stop သီချင်းနားဆင်နိုင်ပါတယ်။ ရောင်စုံမီးဖွင့်ပြီး အသုံးပြုမယ်ဆိုရင်တော့ (၆) နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စပီကာရဲ့ အသံထွက်ကလဲ ပြောစရာမလိုအောင်ကို ငြိမ်ပါတယ်။ 5.25-inch speaker နဲ့ 25W audio power ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ အသံထွက်နဲ့ Professional တစ်ယောက်လို သီဆိုနိုင်မှာ ဖြစ်ပါတယ်။ သံစဉ်တွေနဲ့အပြိုင် တောက်ပတဲ့ မီးရောင်စုံတွေကြောင့် သီချင်းသံတွေကို အပြည့်အဝ ခံစားနားဆင်နိုင်မှာပါ။ Music Dazzling Lighting ကြောင့် ခုံပေါက်ပြီး သီချင်းဆိုချင်တဲ့ သူတွေအတွက်လဲ အဆင်ပြေစေမှာပါ။ ပျော်ရွှင်စရာ အချိန်တွေကို ဖန်တီးပေးနိုင်မယ့် BS57 Jenny Dual Mic Wireless Karaoke BT Speaker အခုဘဲ ဝယ်ယူလိုက်ပါနော်

Copyright © Hoco by Phone Center. All Right Reserved.